Monday, April 28, 2008

မိဘကို စကားပြောဖြစ်အောင် ပြောပါ

အမေနဲ. တနေ.က စကားပြောဖြစ်တယ်။ သူ.အသံမှာ ငိုသံပါနေတာမို. ကျနော်လည်း ရင်ဆို.ရတာပါ။

အမတယောက်က ပြောတယ်။ မိဘတွေဆိုတာ သူတို.ရင်ခွင်ထဲကနေ ထွက်ခွာသွားတဲ့ သားသမီးတွေကို အမြဲတမ်း သတိရနေတတ်တာပါ။ သားသမီးတွေဆီက ငွေကြေးထောက်ပံ့မှုတွေ အကူအညီတွေ သိပ်လိုချင်တာ မဟုတ်ပါဘူး။ နေကောင်းပါတယ် အမေ၊ အဖေ ဆိုတဲ့ အသံလေးများ ကြားရရင်ကို စိတ်ကြည်နူးရတာပါတဲ့ ဒါကြောင့် အဝေးရောက်သားသမီးတွေအနေနဲ. အိမ်ကို ငွေမပို.နိုင်ရင်တောင် တပတ်ကို ၁ ခေါက်ဖြစ်ဖြစ်၊ တလကို အနည်းဆုံး ၂ ခေါက်ဖြစ်ဖြစ် ဖုန်းဆက် (သို.) စာရေးပြီး မိဘကို စကားပြောသင့်ပါတယ်တဲ့။


အဝေးရောက်သားသမီးတွေရဲ. မိဘတွေမှာဖြစ်တတ်တဲ့ ခံစားချက်လေးကို အောက်က ကဗျာမှာ ခံစားကြည့်နိုင်ပါတယ်။


မိမွေ ဖမွေ

တယောက်စီ
ထွက်ခွာသွားကြတော့
အိပ်ရာလေးများ ဟင်းလင်းဟာလာ။

ဆိုခဲ့ငေါက်ခဲ့ဖူး
ရယ်ခဲ့ငိုခဲ့ဖူး
ကာလဦးတုန်းဆီကပေါ့
ရန်ဖြစ်ခဲ့ကြတာများ မခါးသက်နိုင်ဘူး
မျက်ရည်နဲ.လူး ထမင်းလည်းမြိန်ခဲ့
အိပ်ချိန်တန် တစ်စုတစ်ဝေး
ကိုယ်နံ.မွှေးခဲ့ကြလေတယ်။

သြော် ...
ကိုယ်သွားလေရာ လမ်းအတိုင်း
သူတို.လိုက်ခဲ့ကြတာ
ကမ္ဘာဦးတုန်းကတည်းက ထင်ပါရဲ.။

ခုတော့
နှစ်ဦးတည်း ထမင်းလက်ဆုံ
ငြိမ်သက်နေပုံ မမြိုင်လိုက်တာများ။ ။

စည်သူငြိမ်း

Monday, March 24, 2008

အိမ်အပြန်

တ၀ှီးဝှီးလည်ပတ်နေတဲ့ လွှသွားစက်ဆီ

တရှိန်ထိုး ပြေးဝင်သွားတဲ့ သစ်သားတချောင်းလို

ကျနော်ပြန်လာခဲ့တာပါ။


ဖွာခနဲလွင့်စင်သွားတဲ့ စိတ်အာရုံတွေ

မြို.ကလေးရဲ. လမ်းမများပေါ်

မျက်ရည်အလူးလူး ပေကျံနေသော ငယ်ဘ၀ရဲ. ဘောလုံးကလေးလား

ကန်ချက်အားပြင်းတဲ့ အလွမ်းကို

ကျနော် မဖမ်းနိုင်ခဲ့ပေါ့။


ငယ်ငယ်က

အပြင်ကပြန်လာတိုင်း တကိုယ်လုံးညစ်ပေနေတဲ့ ကျနော့်ကို

မေမေက

ရေချိုးပြီးမှ ထမင်းစားခိုင်းတယ်

အခု

ဆေးကြောမရတဲ့ အစွန်းအထင်းများနဲ. ကျနော့်အိမ်အပြန်

မေမေချက်ကျွေးတဲ့ ထမင်းက စင်ကြယ်လွန်းတယ်

ကျနော်ရေမချိုးရဲဘူး။


မိုးရင့်ကြယ်

(မြားနတ်မောင် -နိုဝင်ဘာ။ 2002)

ကျိန်စာ


အဖေ့ဓာတ်ပုံကို မှီနွဲ့ထားလေသူ အမေ့မျက်ရည် ..

မြေနီလမ်းပေါ်က ... ဆိုးနေကျ ခြေသံလေးကို
ငေးမျှော်နေရှာရော့မယ် ..။

လ မသာတဲ့ မြို့ပြမှာတော့ ကျနော် ..
အမေမှာတဲ့ မေတ္တာဓာတ်တွေနဲ့ ပစ်ချကြည့်မိ ..
အကြည့်တွေမှာ ..
ရေတပေါက်မှ မရခဲ့ ..။

မိုင်လေးရာမှာ အမေ ဂုဏ်တော်ကွန်ချာရွတ်ပါ ..
မိုင်လေးရာမှာ ကျနော် အရက်သောက်နေပါတယ် ..
အမေနဲ့ ကျနော် ..
မိုင်ရှစ်ရာ အကွာ ..။

အမေရေ ...

သေမိန့်ကျ လူတယောက်မှာ
ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရင် ..
သတ်ပစ်လို့ မရဘူးတဲ့ ..။

အမေနဲ့ ကျနော် ..

ရှင်မိန့်ကျခံ နေ့စွဲတွေမှာ ..
ဘယ်ကံကြမ္မာက ထပ်ဝေးစေခဲ့တာလဲ ..။

အမေရေ ...

ကျနော် ချက်မြုပ်ခဲ့တဲ့နေရာမှာ ..
ဘာအပင် ပေါက်နေပြီလဲ ..။
ကျနော်ကတော့ ..
ခုထိ .. ရွက်ကျပင်ပေါက် ..။

ထုံးတမ်းစဉ်လာအတိုင်း ..
ကျနော် ခလုပ်တိုက်ရင် .. အမေ့ကို မြင်ယောင်လို့ ..
ကျနော်က လိုအပ်သမျှ ထပ်လိုချင်နေပြီး ..
အမေကတော့ ရှိသမျှ နုတ်ပေးချင်နေခဲ့ပေါ့ ..။

ခမ်းခြောက်ခြောက် မေတ္တာတရားကို ရလေတိုင်း ..

ကျနော့်ခြေလှမ်းတွေ .. ဦးပြန်လည်ခဲ့ ..
ခွင့်လွှတ်နေကျ .. လမ်းဆိုးလေးဆီကို ..။

ယဉ်သစ်

(http://nnai.blogspot.com/ မှ ကူးယူဖော်ပြပါသည်)

Friday, March 21, 2008

ကြယ်ပြာလေးနဲ. ထမင်းစားပြီးတဲ့နောက် (1)

ဟိုး ခပ်ဝေးဝေး

ကြီးကောင်ဝင်စ အသံလေးမှာ

ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်

ကမ္ဘာမြေကြီးပေါ်မှာ

အကုသိုလ်ပန်းတွေဝေပုံကလဲ

အဖူးပေါ် အညွှန်.တက်

တပ်မက်စရာပါလား အမေ


သံသရာ တေးချင်းလေးတွေက စီစီ

ပရစ်ကလေးလို သားကမြည်လို.ပေါ့

တခါတရံတော့ အမေရယ်

သားဘ၀ဟာ

မြေငွေ.ပျံညလေးတည ဖြစ်ခဲ့ရတယ်။


သားလေ

သူ.ကိုယ်ပိုင်အသီးတွေ

ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့

ပျော်ရှာတဲ့

ကုန်ထမ်းသမား သလဲပင်ကလေးကို

အားကျမိတယ်။


အမေရယ်

လေတွေ ထန်နေလေလေ

သားမှာကြေကွဲရလေပါပဲ

မိုးဦးအကျစောမယ်ဆိုတာလည်း

တကယ်တော့

လောကဓံတရားပါလား

အိပ်စရာ မရှိတဲ့ညတွေမှာ

မိုးတွေ သိပ်ပြီးရွာတာပဲ အမေရယ်။


အမှောင်နဲ.စိုစွတ်

မိုးရေတွေ ရွှဲရွှဲနစ်လို.၊

အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ.

ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ

သားဘ၀ရဲ. အစိတ်အပိုင်းတွေတဲ့လား

သားငြင်းဆန်တယ် အမေ

အမေမသိဘူးလား

အမေ့သားက ကဗျာဆရာလေ

အမေရဲ.။


တကယ်တော့လည်း အမေရယ်

ကဗျာဆရာဆိုတာ

ဒဏ်ခံကြိုးလေးတချောင်းပါဗျာ။


မောင်ချောနွယ်ရဲ. ကြယ်ပြာလေးနဲ.ထမင်းစားပြီးတဲ့နောက် ကဗျာထဲက တမျက်နှာသာဖြစ်ပါတယ်။


မစဉ်းစားခြင်းသေတ္တာ

ကမ္ဘာပေါ်မှာ

ကိုယ့်ကိုချစ်တဲ့လူဟာ

ဘောလုံးတစ်သင်းစာလောက်မှ

ရှိရဲ.လား

မစဉ်းစားတော့ပါဘူး ... တဲ့။


ဘယ်သူဟာ

ပန်းသီးတစ်လုံးကို စားပြီး

နယူတန်လို တွေးခေါ်မိပါသလဲ

မစဉ်းစားတော့ပါဘူး ... တဲ့။


သီချင်းတပုဒ်ကို နားထောင်ရင်း

ဘယ်သူဟာ

ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို.လဲ

မစဉ်းစားတော့ပါဘူး ... တဲ့။


တစ်ကိုယ်လုံး တစ်ဘ၀လုံးစုပ်ယူ

ကိုယ့်ကိုမသေရုံ မွေးမြူထားတဲ့လူတွေ

ရှိနေပြီ

မစဉ်းစားတော့ပါဘူး ... တဲ့။


မည်သူမဆိုပေါ့

အရာအားလုံးကို မစွမ်းဆောင်နိုင်ပါဘူး

တခုခု လွဲချော်နေတဲ့အကြောင်း

ပြောပြချင်တယ်

မစဉ်းစားတော့ပါဘူးတဲ့ ... တဲ့။


ကမ္ဘာပေါ်မှာ

ဘယ်ဒဏ်ရာမဆို ညာလို.ရပေမယ့်

အစာအိမ်ကို ညာလို.မရတဲ့အကြောင်း

ပြောပြချင်တယ်

မစဉ်းစားတော့ပါဘူး ... တဲ့။


လူတိုင်းလူတိုင်းရဲ. ရင်ထဲမှာ

ပင်လယ်ရှိတယ်

လူတွေ

ဒီပင်လယ်ကို ကျယ်ပြန်.အောင်

နက်ရှိုင်းလှပအောင်

မစီးဆင်းတတ်ကြဘူး

မစဉ်းစားတော့ပါဘူး ... တဲ့။


မစဉ်းစားခြင်း သေတ္တာတစ်လုံးရှိခဲ့တယ်

ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့

ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်

မစဉ်းစားခြင်း သေတ္တာဟာ ...

လေချွန်ပြီးနေလေရဲ. ...။


မောင်ချောနွယ်

ပြုစားခဲ့တဲ့သူ

မနေ.ကမှ ကိုယ့်ကိုယ်ကို ငုံ.ကိုင်းကြည့်မိရဲ.

ကျနော့်ရဲ. ထွက်သက်ဝင်သက်ကလေးတောင်

အရပ်အတော်မြင့်ခဲ့ပြီ။


လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ

လောကဓံ ခွန်းကြီး ခွန်းငယ်တွေကြားမှာ

ကျနော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ.

လူအဖြစ် ပွင့်ခဲ့ရတာပါ။


တကယ်ဆို ကဗျာဟာ

အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့

ကံ့ကော်နဲ. အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ

အဲဒီလို မာယာအမှုကိုလည်း

ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။


တခါတရံ လေပူတွေအဝေ့မှာတော့

လမ်းလျှောက်သူတွေရဲ. ဘာသာဘာဝ တုန်ခါယိမ်းသွေ.ဖူးတယ်

အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်

ကျနော်မကောက်ကွေ.ခဲ့ပါဘူး။


ကျနော်နဲ. သိုးထိန်းတို. ခုလိုမျိုး စကားစိမ်းဆိုကြ

သြော်တခုတော့ရှိတယ်

ကျနော်မပါဘဲနဲ.လည်း ဧရာဝတီမြစ်ဟာ စီးမြဲစီးနေလိမ့်မယ်

အဲဒါကို ပြောဖို.ကျန်ခဲ့တယ်။


တာရာမင်းဝေ

(စတိုင်သစ် - ဧပြီ 2001)

Wednesday, March 19, 2008

သင်နှင့် နံနက်ခင်းကိုသာ ၀င်ခွင့်ပြုမည်



စာအုပ်ကို ဒေါင်းလုပ်လုပ်ရန်

ဓနမရှိပေမယ့် ဥာဏ်ရှိတဲ့၊ လူမလှပေမယ့် နှလုံးလှတဲ့ ကောင်လေးတယောက်ကို သူငယ်ချင်း အပျိုမလေး 2 ယောက်က တိတ်တခိုးဝိုင်းကြိုက်တဲ့ ဇာတ်လမ်းလေးပါ။ တော်တော်ဖတ်လို. ကောင်းတဲ့ ချစ်စရာ ဇာတ်လမ်းလေးပါ။ ဆရာတာရာမင်းဝေရဲ. လက်ရာမွန်လေးတခုပေါ့။


( ဇာတ်လမ်းထဲကလို ကျနော့်ကိုများ 2 ယောက်က ၀ိုင်းကြိုက်ရင် ဟေးဟေး :D )