မနေ.ကမှ ကိုယ့်ကိုယ်ကို ငုံ.ကိုင်းကြည့်မိရဲ.
ကျနော့်ရဲ. ထွက်သက်ဝင်သက်ကလေးတောင်
အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ
လောကဓံ ခွန်းကြီး ခွန်းငယ်တွေကြားမှာ
ကျနော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ.
လူအဖြစ် ပွင့်ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပေါ့
ကံ့ကော်နဲ. အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။
တခါတရံ လေပူတွေအဝေ့မှာတော့
လမ်းလျှောက်သူတွေရဲ. ဘာသာဘာဝ တုန်ခါယိမ်းသွေ.ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်
ကျနော်မကောက်ကွေ.ခဲ့ပါဘူး။
ကျနော်နဲ. သိုးထိန်းတို. ခုလိုမျိုး စကားစိမ်းဆိုကြ
သြော်တခုတော့ရှိတယ်
ကျနော်မပါဘဲနဲ.လည်း ဧရာဝတီမြစ်ဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို.ကျန်ခဲ့တယ်။ ။
တာရာမင်းဝေ
(စတိုင်သစ် - ဧပြီ 2001)
No comments:
Post a Comment