Friday, March 21, 2008

မစဉ်းစားခြင်းသေတ္တာ

ကမ္ဘာပေါ်မှာ

ကိုယ့်ကိုချစ်တဲ့လူဟာ

ဘောလုံးတစ်သင်းစာလောက်မှ

ရှိရဲ.လား

မစဉ်းစားတော့ပါဘူး ... တဲ့။


ဘယ်သူဟာ

ပန်းသီးတစ်လုံးကို စားပြီး

နယူတန်လို တွေးခေါ်မိပါသလဲ

မစဉ်းစားတော့ပါဘူး ... တဲ့။


သီချင်းတပုဒ်ကို နားထောင်ရင်း

ဘယ်သူဟာ

ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို.လဲ

မစဉ်းစားတော့ပါဘူး ... တဲ့။


တစ်ကိုယ်လုံး တစ်ဘ၀လုံးစုပ်ယူ

ကိုယ့်ကိုမသေရုံ မွေးမြူထားတဲ့လူတွေ

ရှိနေပြီ

မစဉ်းစားတော့ပါဘူး ... တဲ့။


မည်သူမဆိုပေါ့

အရာအားလုံးကို မစွမ်းဆောင်နိုင်ပါဘူး

တခုခု လွဲချော်နေတဲ့အကြောင်း

ပြောပြချင်တယ်

မစဉ်းစားတော့ပါဘူးတဲ့ ... တဲ့။


ကမ္ဘာပေါ်မှာ

ဘယ်ဒဏ်ရာမဆို ညာလို.ရပေမယ့်

အစာအိမ်ကို ညာလို.မရတဲ့အကြောင်း

ပြောပြချင်တယ်

မစဉ်းစားတော့ပါဘူး ... တဲ့။


လူတိုင်းလူတိုင်းရဲ. ရင်ထဲမှာ

ပင်လယ်ရှိတယ်

လူတွေ

ဒီပင်လယ်ကို ကျယ်ပြန်.အောင်

နက်ရှိုင်းလှပအောင်

မစီးဆင်းတတ်ကြဘူး

မစဉ်းစားတော့ပါဘူး ... တဲ့။


မစဉ်းစားခြင်း သေတ္တာတစ်လုံးရှိခဲ့တယ်

ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့

ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်

မစဉ်းစားခြင်း သေတ္တာဟာ ...

လေချွန်ပြီးနေလေရဲ. ...။


မောင်ချောနွယ်

No comments: