ဟိုး ခပ်ဝေးဝေး
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေဝေပုံကလဲ
အဖူးပေါ် အညွှန်.တက်
တပ်မက်စရာပါလား အမေ
သံသရာ တေးချင်းလေးတွေက စီစီ
ပရစ်ကလေးလို သားကမြည်လို.ပေါ့
တခါတရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ.ပျံညလေးတည ဖြစ်ခဲ့ရတယ်။
သားလေ
သူ.ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။
အမေရယ်
လေတွေ ထန်နေလေလေ
သားမှာကြေကွဲရလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာ မရှိတဲ့ညတွေမှာ
မိုးတွေ သိပ်ပြီးရွာတာပဲ အမေရယ်။
အမှောင်နဲ.စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို.၊
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ။
ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ.
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ. အစိတ်အပိုင်းတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေမသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ.။
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတချောင်းပါဗျာ။
မောင်ချောနွယ်ရဲ. ကြယ်ပြာလေးနဲ.ထမင်းစားပြီးတဲ့နောက် ကဗျာထဲက တမျက်နှာသာဖြစ်ပါတယ်။
No comments:
Post a Comment