တ၀ှီးဝှီးလည်ပတ်နေတဲ့ လွှသွားစက်ဆီ
တရှိန်ထိုး ပြေးဝင်သွားတဲ့ သစ်သားတချောင်းလို
ကျနော်ပြန်လာခဲ့တာပါ။
ဖွာခနဲလွင့်စင်သွားတဲ့ စိတ်အာရုံတွေ
မြို.ကလေးရဲ. လမ်းမများပေါ်
မျက်ရည်အလူးလူး ပေကျံနေသော ငယ်ဘ၀ရဲ. ဘောလုံးကလေးလား
ကန်ချက်အားပြင်းတဲ့ အလွမ်းကို
ကျနော် မဖမ်းနိုင်ခဲ့ပေါ့။
ငယ်ငယ်က
အပြင်ကပြန်လာတိုင်း တကိုယ်လုံးညစ်ပေနေတဲ့ ကျနော့်ကို
မေမေက
ရေချိုးပြီးမှ ထမင်းစားခိုင်းတယ်
အခု
ဆေးကြောမရတဲ့ အစွန်းအထင်းများနဲ. ကျနော့်အိမ်အပြန်
မေမေချက်ကျွေးတဲ့ ထမင်းက စင်ကြယ်လွန်းတယ်
ကျနော်ရေမချိုးရဲဘူး။ ။
မိုးရင့်ကြယ်
(မြားနတ်မောင် -နိုဝင်ဘာ။ 2002)
No comments:
Post a Comment