Tuesday, March 18, 2008

ကျနော်ကျန်ခဲ့တဲ့ မေမေ

ကျနော့်ဓါတ်ပုံဟောင်းရှေ. တစိမ့်စိမ့်ရွာလို.

ရပ်ကွက်ကျဉ်းကျဉ်းလေးတလျှောက်

ကျေနပ်မှုတွေ အနှံ.အပြားကောက်ချကာ

ကျနော့်စိမ်းလန်းမှုများ တသိမ့်သိမ့်ခါချနေရင်း သူပျော် ...


နေ.တဓူဝ

လူတတ်ကလေး သူ.သားကို ထုတ်ထုတ်ကြည့်

ဆံနွယ်ပေါ် ဆီးနှင်းတွေ တောင်လိုယာလို ပုံလာရင်း သူ.မှာမျှော်...


ကျနော့်မေမေ

ကျနော့်ရဲ. ရေကြည်ရာ မြက်နုရာနောက်ကျောမှာ

ကြယ်အသစ်တွေ ကိုယ်ဝန်ဆောင်လို.

တောင်တန်းတွေအကွယ် ရပ်နေမှာကို မြင်ယောင်နေမိ ...။


ခရမ်းပြည်ထက်လူ

ရုပ်ရှင်တေးကဗျာမှာ ဖော်ပြခဲ့တဲ့ ကဗျာဖြစ်ပါတယ်။

No comments: