Monday, March 17, 2008

အိမ်အပြန်

အမျှော်တွေ ဆန်.ထုတ်ရင်တောင်

ကမ္ဘာတသန်း ရှည်ဦးထင်ရဲ.။


အဝေးရဲ.အဝေး အဝေး အဝေးတစ်ဘက်မှာ

ဝေးရတာကြာတဲ့ အာသီသတစ်ခုရှိနေတယ်။

ပြကဒိန်တွေ လိမ်ညာနေမိတယ်အထိ

အချိန်တွေ ထွက်ကျနေစေချင်တယ်။


အမေအိုရဲ. မျက်ညိုကွင်းချိုင့်ချိုင့်ထဲ

မျှော်လင့်စကားလေး တစ်လက်လက်

မနက်တွေ ခဏခဏ လင်းစေချင်တယ်

ဝင်းတံခါးတောင် မပိတ်စေချင်ဘူးပေါ့။


ညနေတိုင်း

ညနေတိုင်း

ညနေတိုင်တိုင်း ...

ထမင်းဝိုင်း မသိမ်းဖြစ်တာ ကြာပါပကော။


စည်သူငြိမ်း

မဟေသီမဂ္ဂဇင်းတွင် 1998 ခုနှစ် ဇူလိုင်လက ဖော်ပြထားခဲ့သည့် ကဗျာဖြစ်သည်။

No comments: