သားသမီးတွေ ဘယ်လောက်များများ
မြေးတွေ ဘယ်လောက်များများ
စကားပြောစရာ လူမရှိ
ဆူမည့်သူမရှိ၊ ပူမည့်သူမရှိ
ပကတိ ဟင်းလင်းပြင်
ဂြိုဟ်သေဂြိုလ်မျော တစ်ခုလိုပဲ
အသက်ရှင်သူမရှိ
သစ်ပင်မရှိ၊ သတ္တ၀ါမရှိ
ပန်းမရှိ၊ လပြည့်ဝန်းမရှိ
နတ္တိ ...။
စံပယ်ပန်းခြောက်ကလေးတွေနှင့်အတူ
မီးသဂြိုဟ်လိုက်တဲ့အခါ ပြာဖြစ်
အချစ်တွေ မချန်ရစ်ခဲ့တော့ဘူး ထင်ပါရဲ.။
သားသမီးတွေရဲ.အကျိုး
အပေါင်းအသင်း၊ ဆွေမျိုးတွေရဲ. အကျိုး
တိုင်းကျိုးပြည်ကျိုး။ လူမျိုးရဲ. အကျိုး
သယ်ပိုးဖို. ကျန်ရစ်ပေတော့လို.
မေးငေါ့ပြီး ထွက်သွားလေသလားမသိ
ပကတိ တစ်ယောက်တည်း ငါ
ဟင်းလင်းပြင် ဂြိုဟ်မျောကမ္ဘာမှာ
ဘာလုပ်လို. ဘာကိုင်ရမှန်း မသိသေး။
မောင်မိုးသူ
(3.12.99 တွင် ကွယ်လွန်သွားရှာသည့် ချစ်ဇနီးအမာသို.)
မဟေသီမဂ္ဂဇင်းတွင် 2000 ခုနှစ် ဇူလိုင်လတွင် ဖော်ပြထားသည့် ကဗျာဖြစ်သည်။
No comments:
Post a Comment