Friday, January 18, 2008

တာရာမင်းဝေ ကဗျာများ ............


ကောင်မလေးရယ် ...

နင့်ရင်ခွင်ထဲကို ငါဝင်ကြည့်ချင်တယ်။

(ဘာတွေရှိသလဲလို.)


လက်မှတ်ကို ကိုင်ပြီး ငါဝင်ခဲ့ပါရဲ.

အံ့သြစရာ

နင်ဟာ ရုံစောင့်ကြီးဖြစ်နေတယ်။

လက်မှတ်ကို ဆွဲယူပြီး တ၀က်ကို ဆုတ်ပစ်လိုက်တယ်။


အဲဒါဟာ ၀င်ခွင့်ပြုတာလား ...။

ဒါမှမဟုတ် .....။

No comments: