Monday, December 17, 2007

ဘော်ဒါကြီးတို.ရေ

နေကောင်းကြလားဟေ့

ဘာတွေလုပ်နေကြလဲ ဘော်ဒါကြီးတို.

သတိရတယ်ကွာ

ငါအိမ်မပြန်နိုင်သေးဘူး။


ငါကွာဖြစ်နိုင်ရင်

မင်းတို.ကစားကြတဲ့ စစ်တုရင် မြင်းရုပ်လို

လတ်တလော ဘ၀ထဲက ခနလောက် ခုန်ထွက်ချင်တယ်။


မင်းတို. ပုဆိုးလျှော်တဲ့အတိုင်းပဲ

ငါ့စိတ်ထဲ ရှုပ်ထွေးသမျှတွေ

ခေါင်းထဲက ညစ်ညူးမှုတွေ

လျှော်ထုတ်ပစ်ချင်တယ်။


တကယ်ပါ ငါကွာဖြစ်နိုင်ရင်

သူတော်စင်တွေလို

ဖြူစင်တဲ့ အ၀တ်တွေဝတ်ပြီး

ဘုရားကျောင်းထဲပဲ နေချင်တယ်။


ဟေ့ကောင် လေသွေး

မင်းလိုက်နေတဲ့ ကောင်မလေးလိုပဲ

ဖြူဖြူဝင်းဝင်း

ဆံပင်နက်နက်ရှည်ရှည် ကောင်မလေးတယောက်လောက်

ဖြစ်နိုင်ရင် လိုချင်တယ်ကွာ

ပျင်းစရာကောင်းတဲ့ ငါ့ဘ၀ထဲ လေပြည်တိုက်ခတ်တာလေး

ခံစားကြည့်ချင်လို.။

No comments: