စက်တင်ဘာလက
 မိုးရွာတဲ့အခါ ရွာ
 မရွာလည်း မရွာတဲ့နေ.တွေ ရှိခဲ့တယ်။
 အဲဒီကာလက 
 ငိုတဲ့လူတွေရှိတယ်။
 အော်တဲ့လူတွေလည်း ရှိခဲ့တယ်။
 အဲဒီကာလက
လမ်းမပေါ် ပြန်.ကျဲနေတဲ့ ဖိနပ်မျိုးစုံနဲ.
 ယပ်တောင်တွေလည်း ကျိုးပဲ့ခဲ့တယ်။
 အဲဒီကာလထဲမှာပါပဲ
အဖေပြန်မလာနိုင်တော့မှန်း သိထားလည်း
 မျှော်လင့်နေတဲ့ သားသမီးတွေ မြင်ခဲ့ရတယ်။
 အဲဒီကာလက လူတွေပါပဲ
မျက်ရည်မိုးတွေ တိတ်မယ့်နေ.ကို မျှော်နေကြသလို
 ခေါင်းပေါ်ရောက်နေတဲ့ ဖိနပ် 
 အောက်ကျအောင် ဆွဲချနိုင်မယ့် နေ.ကို မျှော်နေကြတာ
 နေသွန်းအိမ်
No comments:
Post a Comment