Friday, December 14, 2007

ဒီကနေ.တော့ ကျနော့်ကောင်မလေးနဲ. စကားပြောလိုက်ရတယ်။

သူက ကျနော့်ကို သူနေတဲ့အရပ်ဆီ အမြန်လာစေချင်နေတယ်။ ကျနော်ကလည်း သူရှိရာကို သွားနေချင်တယ်။

သို.သော် ------------


ညနေတိုင်း ဟိုးအဝေး ကောင်းကင်ထက်မှာ အိပ်တန်းပြန် ငှက်တွေက အိမ်ပြန်သီချင်းတွေဆိုလို.။

မီးရထားသံနဲ. ဝေးနေသေးတဲ့ သားအပြန်ကို ပြတင်းတံခါးဖွင့် မျှော်နေတဲ့ အမေလည်း အလွမ်းတွေနဲ. အိုနေလောက်ပြီ။ သားဖြစ်သူ ကျနော်က အိမ်မပြန်နိုင်သေးဘူး။


ဒီလိုအချိန်မျိုးမှာ ကျနော်တကယ် ----

လွမ်းတယ်ဗျာ ကောင်မလေးကို။

လွမ်းတယ်ဗျာ အိမ်မှာ ကျနော့်ကို မျှော်နေတဲ့ အမေ့ကို

လွမ်းတယ်ဗျာ ရွာက စာဥကို ဟီးဟီး

No comments: