Thursday, December 13, 2007

ကျနော်လျှောက်ရေးတဲ့ အလွမ်းကဗျာ

အချစ်ဆိုတာကို စိတ်ထဲမှာပဲ သိမ်းထားမယ်

ပြန်ဆုံမယ့် မနက်ဖြန်ဆိုတာ မယုံလွန်းလို.ကို။


ဟိုတနေ.က

မင်းပြောတဲ့ အရမ်းလွမ်းတယ်ဆိုတဲ့ စကား

ငါ့နားထဲ ကြားယောင်ဆဲပါ။


မင်းမှာ အလွမ်းရှိသလို

ငါ့မှာလည်း အလွမ်းနဲ.ပါ မိန်းကလေးရယ်

အမှောင်တွေ မလွန်ခင် နေမင်းက ထွက်ပြူလေ့ မရှိပါဘူး

မနက်ခင်းရောက်ဖို. ငါတို.စောင့်ရအုံးမယ်


နေကပဲ အမှောင်တွေအပြယ်ကို စောင့်နေသလား

အမှောင်ကပဲ နံနက်ခင်းအလာကို စောင့်နေသလား

သေချာတာတော့ ငါတို.နှစ်ဦး

စောင့်နေရတယ်ဆိုတာပဲ


သြော် အလွမ်းနေ.ရက်ရှည်တွေ

အမြန်ပျောက်ဆုံးပါစေ

No comments: