

ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို.လို သူရဲကောင်း
ပုဂံရာဇ၀င်ထဲမှာ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို.ဆိုပြီး သူရဲကောင်း 4 ယောက် ရှိခဲ့တယ်။ အဲဒီအထဲက ကျန်စစ်သားဆိုတာက တိုက်ရည်ခိုက်ရည်အပြင် အခြားအရည်အချင်းတွေကြောင့် ရှင်ဘုရင်ဖြစ်လာတယ်၊ ခေါင်းဆောင်ဖြစ်လာတယ်။ သူ.လိုပဲ တိုက်ရည်ခိုက်ရည်မှာ ကောင်းပေမယ့် တခြားအရည်အချင်းတွေဖြစ်တဲ့ ခေါင်းဆောင်မှုအရည်အချင်း၊ စည်းရုံးရေးပိုင်းမှာတွေ အားနည်းခဲ့ကြတဲ့ 3 ယောက် ကတော့ သမိုင်းမှာ အတော်အတန်မှေးမှိန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူရဲကောင်းမဟုတ်ဘူးလား ဆိုရင်တော့ သူတို.ဟာ သူရဲကောင်းတွေပါ။ တိုင်းပြည်နဲ.လူမျိုးအတွက် အသက်နဲ.ဘ၀ကို စတေးခံခဲ့တဲ့ လူတွေပါ။
ဒီ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို. သူရဲကောင်းတွေလိုပဲ လတ်တလောဖြစ်တည်နေတဲ့၊ တချိန်ကျရင် မြန်မာ့သမိုင်းစာမျက်နှာဖြစ်သွားမယ့် လက်ရှိနိုင်ငံရေးရေစီးကြောင်းမှာ သူရဲကောင်းဖြစ်ရက်နဲ. သူရဲကောင်းအဖြစ် ထင်ပေါ်ကျော်ကြားခြင်း မရှိသူတဦးရှိနေပါတယ်။ သူကတော့ ----
ရန်ကုန်မြို.က ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေးဦးဝင်းနိုင်ဟာ ငယ်စဉ်ကျောင်းသားဘ၀တုန်းက သူတက်နေတဲ့အထက်တန်းကျောင်း တရားဟောပွဲတွေမှာ တက်ပြီးဟောလေ့ရှိတဲ့ အသက်အငယ်ဆုံးနိုင်ငံရေး လှုပ်ရှားသူ ကျောင်းသားလူငယ်လေး တယောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ. ကျောင်းထုတ်ခံရတာလည်း အကြိမ်ကြိမ်၊ သူ.ကိုချစ်တဲ့ဆရာမတွေရဲ. ထောက်ခံချက်နဲ. ကျောင်းပြန်တက်ခွင့်ရတာလည်း အခါခါရှိခဲ့တယ်။
1988 ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ပထမဆုံးဖွဲ.စည်းခဲ့တဲ့ နိုင်ငံရေးပါတီ- ဒီိမိုကရေစီပါတီကို
ဦးဝင်နိုင်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ ပအို.၀်တော်လှန်ရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် ခွန်ရဲနောင်နဲ. ဦးသုဝေတို.က ဦးဆောင်ဖွဲ.စည်းခဲ့ကြတာပါ။ ဒီအဖွဲ.ဖွဲ.ပြီးလို. မကြာခင်မှာပဲ ဦးနုက ဒီမိုကရေစီနဲ. ငြိမ်းချမ်းရေး အဖွဲ.ချုပ် ဆိုပြီး အဖွဲ.သစ်တခု ပြန်ဖွဲ.တဲ့အခါ အင်အားဖြည့်တဲ့အနေနဲ. ဦးဝင်းနိုင်ကို ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ.
ဦးဝင်းနိုင်ဟာ ၀န်ကြီးချုပ် ဦးနုတို.နဲ.အတူ နိုင်ငံရေးကို မထင်မရှားလုပ်ခဲ့ပြီး နောက်ပိုင်းကျတော့ အမျိုးသားနိုင်ငံရေးအင်အားစု ဆိုပြီး အဖွဲ.သစ်တခုကို တခြားတကိုယ်တော်နိုင်ငံရေးသမားတွေနဲ. ပေါင်းပြီး
ဖွဲ.စည်းလိုက်တဲ့နောက် အမျိုးသားရေး ဦးဝင်းနိုင်ဆိုတဲ့ နာမည်နဲ. လှုပ်ရှားလာပါတော့တာ ဒီကနေ.ထိပါပဲ၊
သူဟာ 62 ခုနှစ် စစ်တပ်ကြီးစိုးတဲ့အချိန်မှာ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို.ကို ထွက်ခွာလာပြီး ဗီအိုအေ မြန်မာပိုင်းအသံလွင့်ဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအခြေအနေတွေက သူ.အတွက် အကောင်းဆုံးအခြေအနေပါ။ ဒါပေမယ့် သူက ဒါတွေမှာ နှစ်မျောနေမယ့်လူ မဟုတ်ပါဘူး။ သိပ်မကြာပါဘူး သူပြန်လာပြီး သူချစ်တဲ့နိုင်ငံ့အရေးကို ဆက်လုပ်သွားပါတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတဲ့နေရာမှာ နိုင်ငံတခုလုံးရဲ. ပျက်ယွင်းနေတဲ့ စနစ်ကြီးကိုသာ ပြောင်းလဲနိုင်ဖို. ကြိုးစားခြင်းသာ မဟုတ်ဘဲနဲ. အဲဒီပျက်ယွင်းမှုကြောင့် လတ်တလောခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုခြင်းရှိရပါမယ်။ ဒီအတိုင်းပါပဲ ဦးဝင်းနိုင်ဟာ နိုင်ငံရဲ. ချွတ်ခြုံကျနေတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေကြောင့် သေလုမျောပါးဖြစ်နေတဲ့၊ မနက်ပြီးသွားလို. ညနေဘာစားရမလဲလို. တွေးပူနေရတဲ့ ရန်ကုန်မြို.က မရှိဆင်းရဲသားတွေကို ရှိသမျှငွေလေးနဲ. လိုက်လှူနေတာ ဒီကနေ.ဆိုရင် 4 ကြိမ်မြောက်ခဲ့ပါပြီ။ အရင်က တအိမ်ထောင်ကို ပေါ်ဆန်းမွှေး 6 ပြည်လောက် လှူနိုင်ခဲ့ပေမယ့် သူလှူရမယ့် လူတွေက တနေ.ထက် တနေ. တိုးလာတော့ 6 ပြည်ကနေ 2 ပြည်အထိ လျှော့ချခဲ့ရပါတယ်။ သူ.မှာ ရှိတာလေးနဲ. လှူနေရတာပါ။ အိမ်ထောင်စု 36 စုကို တယောက်ထဲက လှူဖို.ဆိုတာ မလွယ်ပါဘူး။ သူ.မှာ သူနဲ.အတူ လှူဒါန်းမယ့် အလှူရှင်တွေ လိုနေပါပြီ။
ဗမာပြည်မှာ ငတ်လို.သေတဲ့ မသာမရှိပါဘူးဆိုပြီး လူတွေက ပြောနေကြပါတယ်။ သူ (ဦးဝင်းနိုင်) က ဘာပြန်ပြောလဲဆိုတော့ ငတ်လို.သေတဲ့မသာမရှိဘူးဆိုပေမယ့် ငတ်တာကြာလာလို. ရောဂါဘယတွေ ထူပေါလာပြီး သေသွားတဲ့ မသာတွေ လက်ချိုးရေလို မကုန်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေတွေကို ကျနော်မမြင်ချင်ဘူး။ ဒါ့ကြောင့် ကျနော်တတ်နိုင်သလောက် ကူညီပေးပါတယ် တဲ့။ ဒါဟာ လူမျိုးချစ်စိတ်ပါ။ သူ.မြန်မာလူမျိုးတွေ ငတ်နေတာ သူမမြင်လိုဘူးဆိုတာ ပြလိုက်တဲ့၊ သူများတွေ မလုပ်နိုင်တဲ့၊ မလုပ်ချင်ကြတဲ့ အရာတခုကို လုပ်ပြနေတာပါ။
ဒီအလှူဟာ ကြီးကြီးကျယ်ကျယ်ထင်ရှားမယ့် အလှူမဟုတ်ပါဘူး။ ဒါပေမယ့် ငလုံးလက်ဖယ်တို.ရဲ. လက်ထဲက လူသိပ်မမြင်ဖူးတဲ့ ဓါးဆိုတာလည်း တိုင်းပြည်ကို ကယ်တင်ရင်းနဲ. စွန်းထင်ခဲ့တဲ့ ရန်သူတွေရဲ. သွေးတွေ စွန်းထင်ခဲ့မှာပါ။ ဆိုလိုရင်းကတော့ စေတနာပါသော၊ လူမျိုးချစ်စိတ်နဲ. လုပ်တဲ့ လုပ်ဆောင်ချက်တွေက တခါတရံ မထင်ပေါ်ပေမယ့် မရှိဘူးလို. ဆိုလို.မရအောင် ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာပါပဲ။
ဦးဝင်းနိုင်ရဲ. စကားတခွန်းနဲ. အဆုံးသတ်ပါရစေ --
ပုဂံရာဇ၀င်ထဲက သူရဲကောင်း 4 ယောက်ထဲက ကျန်စစ်သားလို ထင်ပေါ်ကျော်ကြားခဲ့ခြင်း မရှိခဲ့တဲ့ ညောင်ဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေးရူးတို.ဟာ သူရဲကောင်းတော့ သူရဲကောင်းတွေပါပဲ။ ဒါပေမယ့် ကျန်စစ်သားလောက် နေရာတိုင်းမှာ အရည်အသွေးမပြည့်စုံခဲ့ကြတော့ သမိုင်းမှာ စာတပိုဒ်စာလောက်ပဲ ပါဝင်ခွင့်ရခဲ့ကြတယ်။ ဒီဥပမာလေးအတိုင်းပါပဲ ကျနော်ကလည်း အရည်အသွေးလိုအပ်မှုကြောင့် မြန်မာ့နိုင်ငံရေးလောကမှာ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို. အဆင့်လောက်နဲ.ပဲ ကျေနပ်ရတော့မယ် ထင်ပါတယ်ဗျာ။
No comments:
Post a Comment