
ပျင်းရိခြင်း နေ.စွဲများအကြောင်း၊
နေ.တဓူဝ ပျင်းရိခြင်းအကြောင်းပါ။
နေ.တွေက ပျင်းစရာ
ညတွေကလည်း ငြီးငွေ.ဖွယ်ရာ
ဖြတ်သန်းနေတဲ့ ဒီဘ၀ကြီးကိုက ပျင်းရိစရာ ။
မနက် မိုးသောက်လို. အိပ်ယာထချိန်တိုင်း
ပျင်းကြောဆွဲဆန်.ရတဲ့ ကျောကိုက ပျင်းနေပုံမျိုး
ငါ့မျက်လုံးတွေလည်း ရီဝေေ၀
ချစ်သူရေ ကြည့်လည်းလုပ်အုံးနော် .. နင့်လူက တော်တော်ပျင်းထူတယ် ။
နေ.လည် - အလုပ်ချိန်ဆိုလည်း
ခိုင်းရင်လုပ်၊ မခိုင်းရင် ရေသာခိုချင်တာကတော့
အကျင့်ဖြစ်နေပြီ ။
ညနေကျတော့ စောစောနားချင်တာကတော့
ဘယ်သူမှ သည်းခံပေးဖို. မကောင်းဘူး။
ဒီလိုနဲ.
ကျနော့်ကို နေ.တိုင်းလို သယ်ပေးနေရတဲ့
ဒီမြေကြီးလည်း ပျင်းနေလောက်ပြီ။
ခွင့်လွှတ်ပါဗျာ
ကျနော့်မှာ ပျင်းရတာလေးကို ၀ါသနာပါနေပြီ ။ ။
No comments:
Post a Comment