Friday, January 18, 2008

HOOOOOOOO____ INDIA INDIA

This is India လို.ပဲ ကြွေးကြော်ရမလားဗျာ။ စိတ်ညစ်ညူးမှုတွေက တနေ.ထက်တနေ. ပိုလာပြီဗျာ။ India (ကုလားပြည်) ဆိုတာ အရင်က သဲကန္တာရပေါ် လူတွေနေလာရင်းနဲ. ဖြစ်လာတာတဲ့။ တော်တော်လေးကို ရာသီဥတု ကြမ်းတယ်ပေါ့ဗျာ။ နွေဆိုရင် တံလျှပ်တွေက လမ်းမပေါ် တငွေ.ငွေ.၊ ဆောင်းဆိုရင်လည်း ဟိုစာသားလိုပဲ။ (မန်းတုန်အောင် လမ်းဆုံက ညစ်ချင်တယ်ဆိုလား) အဲလောက်ထိတောင် အေးတာ။

ခုက နွေရာသီဆိုတော့ အပူချိန်က တရိပ်ရိပ်တက်လာတယ်။ ခေါင်းပူတယ်။ ရင်အိုက်တယ်။ ဦးနှောက်ဆို ပူထိုင်းလာတယ်။ စိတ်ညစ်တယ်။

ကဗျာရေးကြည့်တယ်။ ကဗျာစာသားမထွက်ပဲ ဒီလက်တွေက ချွေးတွေထွက်လာတယ်။

ညညကျ အရက်သောက်တယ်။ ပိုပူတယ်။ အိပ်တယ်။ ခြင်ကိုက်တယ်။ အိပ်မက်ထဲလည်း မီးတောက် မီးလျှံတွေနဲ.။ မီးမြားကိုင် အတောင်ပံစစ်သည်တွေက အလုံးအရင်းလိုက် ကျနော့်ကို လာတိုက်ခိုက်တယ်။ အိပ်လို. ရတချက် မရတချက် ဖြစ်ရတယ်။

ဟူး ဒီလိုနဲ.ပဲ India နေ.တွေကို ဖြတ်သန်းရတယ်ဗျာ။ ဒါ ကျနော့်ရဲ. နေ.စဉ်ဖြတ်သန်းမှုပေါ့။

No comments: