
ကဗျာဆရာ တာရာမင်းဝေ လေထဲ မီးခိုးငွေ.အဖြစ် ရောက်မသွားခင်မှာ ဘော်ဒါကြီးတယောက် ရွတ်ဆိုသွားတဲ့ ကဗျာလေးပါ
ကြယ်ကြွေသတို.သား
ကြယ်ကြွေလို.လား ---
သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ.သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။
သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး၊ ကိုယ့်ဝတ်စုံကိုယ်ချုပ်လို.
ကျကျနန လှခဲ့ပြီးပြီပဲ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ. အနာတရတွေကို
ဒီကနေ. နေအပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ. ဒဏ်ရာတွေကို
ကြယ်ကြွေလို.လား ---
သူငယ်ချင်း မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်း မင်းဟာ
ကိုယ့်အနာ ကိုယ့်လျှာနဲ.သပ် ရှင်တတ်ခဲ့ပြီးပြီပဲ။
သူငယ်ချင်း မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး၊ ကိုယ့်ဝတ်စုံကိုယ်ချုပ်လို.
ကျကျနန လှခဲ့ပြီးပြီပဲ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ. အနာတရတွေကို
ဒီကနေ. နေအပြင်းပြင်းပူတဲ့ ကမ္ဘာမြေရဲ. ဒဏ်ရာတွေကို
လက်ဖ၀ါးနဲ.ကာကွယ်ဖို. ငါတို.နေရစ်ခဲ့အုံးမယ်။
သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေရဲ. ကြေကွဲခြင်းဓါတ်ပြားထဲ
မင်းရဲ.ကဗျာတွေ မာတိကာစီဖို.
ငါတို.နေရစ်ခဲ့အုံးမယ်။
သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်တဲ့တနေ.
ငါတို. .......။ ။
မင်းကိုနိုင်
No comments:
Post a Comment